
ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန်နောက်ခံလူ ဂူဟီကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်လည်း ပါဝင်လာကြောင်း သိရပါတယ်။
ဂူဟီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ လီဗာပူးလ်အသင်းကို ရောက်ရှိလုနီးပါး ဖြစ်ခဲ့ပေမဲ့ ပဲလေ့စ်မှာပဲ ဆက်ရှိခဲ့တာပါ။
ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ ဂူဟီဟာ သက်တမ်းတိုးဖို့ အစီအစဉ်မရှိဘဲ လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဒါကြောင့် ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က သူ့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြသလို၊ ဘိုင်ယန်မြူးနစ်ကလည်း ဝင်ရောက်ကမ်းလှမ်းလိမ့်မယ်လို့ သတင်းထွက်လာပါတယ်။
ဒီလိုအပြိုင်အဆိုင်တွေရှိလာတာကြောင့် လီဗာပူးလ်အသင်းက လာမယ့်ဇန်နဝါရီမှာပဲ ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀)နဲ့ ခေါ်ယူဖွယ်ရှိကြောင်းလည်း မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။