
အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲကို တန်းတက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ London City Lionesses အသင်းဟာ PSG အသင်းက ပြင်သစ်ကွင်းလယ်ကစားသမား ဂျီယိုရိုကို အမျိုးသမီးဘောလုံးလောကရဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁.၄)သန်းနဲ့ ခေါ်ယူခဲ့ကြောင်း သိရပါတယ်။
London City Lionesses အသင်းဟာ စူပါလိဂ်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့အသင်းဖြစ်ပြီး ဂျီယိုရိုဟာ ဒီနွေမှာ ခေါ်ယူတဲ့ (၁၆)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဒီနွေရာသီမှာ အမျိုးသမီးဘောလုံးလောကအတွင်း ကမ္ဘာ့စံချိန် (၃)ကြိမ်အထိ တင်ခဲ့ပြီး လီဗာပူးလ်ကနေ အာဆင်နယ်ကို ပေါင်(၁)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အိုလီဗီယာစမစ်ရဲ့ စံချိန်ကို လစ်ဇ်ဘက်အိုဗယ်လီက Tigres UANL ကနေ အော်လန်ဒိုပရိုက်ဒ်ကို ပေါင်(၁.၁)သန်းနဲ့ ချိုးဖျက်ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။
အခု ဂျီယိုရိုက ပေါင်(၁.၄)သန်းနဲ့ စံချိန်သစ် ထပ်တင်ခဲ့တာဖြစ်ပါတယ်။
ဂျီယိုရိုဟာ စက်တင်ဘာ(၁၄)မှာ ယှဉ်ပြိုင်ရမယ့် မန်ယူနဲ့ပွဲမှာ London City Lionesses အသင်းတွက် စတင်ပွဲထွက်ကစားခွင့်ရဖွယ်ရှိကြောင်း သိရပါတယ်။