
နယ်သာလန်တိုက်စစ်မှူး ဒီပိုင်းက အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတဲ့အတွက် အလွန်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
ဒီပိုင်းဟာ လစ်သူယေးနီးယားအသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ နယ်သာလန်အသင်းအတွက် (၂)ဂိုုးသွင်းယူခဲ့ပြီး ဒီဂိုးတွေက လက်ရွေးစင်ကစားသမားဘဝ (၅၁)ဂိုးမြောက်နဲ့ (၅၂)ဂိုးမြောက်သွင်းဂိုးတွေ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ဗန်ပါစီကို ကျော်ဖြတ်ပြီး နယ်သာလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။
'' ရော်ဘင်(ဗန်ပါစီ)ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူပြီး ကျေနပ်မိပါတယ်။ အဝတ်လဲခန်းထဲမှာ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဟန်တယ်လာနဲ့ ရော်ဘင်တို့ကိုလည်း ကျေးဇူးတင်စကားပြောချင်ပါတယ်။ သူတို့က ကျွန်တော့်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိခဲ့လို့ပါ။ ကလွိုက်ဗတ်ကိုလည်း ကျေးဇူးတင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ကြောင့် ကျွန်တော် နယ်သာလန်လက်ရွေးစင် ဖြစ်ချင်ခဲ့လို့ပါ'' လို့ ဒီပိုင်းက ပြောကြားခဲ့ပါတယ်။
အသက်(၃၁)နှစ်ရှိပြီဖြစ်တဲ့ ဒီပိုင်းဟာ ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းမှာလည်း ခြေစွမ်းပြနေကြောင်း သိရပါတယ်။