Eleven Media Group

ပရီးမီးယားလိဂ်မှာ ရာထူးက ထုတ်ပယ်ခံရနိုင်ခြေအရှိဆုံးနည်းပြအဖြစ် နူနိုဆန်တို သတ်မှတ်ခံရ

Photo: Getty Images

နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့နည်းပြ နူနိုဆန်တိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရာထူးက ထုတ်ပယ်ခံရနိုင်ခြေအရှိဆုံးနည်းပြအဖြစ် သတ်မှတ်ခံနေရကြောင်း သိရပါတယ်။
နူနိုဆန်တိုဟာ အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အားကစားဒါရိုက်တာ အီဒူးနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတာကြောင့် ရာထူးက အစောဆုံးထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် ထင်ကြေးပေးခံနေရတာပါ။
လောင်းကစားကုမ္ပဏီတွေက နူနိုဆန်တိုကို ရာထူးက ထုတ်ပယ်ခံရဖို့ (၅း၄)လေးနဲ့ ကြေးဖွင့်ထားပြီး သူ့နောက်မှာ မန်ယူနည်းပြ အာမိုရင်မ်က (၁ဝး၃)လေး၊ ဝက်စ်ဟမ်းနည်းပြ ဂရေဟမ်ပေါ်တာက (၄း၁)လေး၊ ဝုလ်ဗ်နည်းပြ ဗစ်တာပယ်ရေယာက (၆း၁)လေး သတ်မှတ်ခံထားရကြောင်း သိရပါတယ်။
အလေးပေးမှုနှုန်းထားတွေအရ ရာထူးက ထုတ်ပယ်ခံရနိုင်ခြေအနည်းဆုံးနည်းပြအဖြစ် လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ရပ်တည်နေပြီး သူ့နောက်မှာ ဘုန်းမောက်နည်းပြ အိုင်ရာအိုလာ၊ အာဆင်နယ်နည်းပြ အာတေတာ၊ ချယ်လ်ဆီးနည်းပြ မာရက်စကာ၊ စပါးနည်းပြ သောမတ်စ်ဖရန့်ခ်တို့ အစဉ်လိုက်ရပ်တည်နေကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်မှာ ၂၀၂၂-၂၃ ရာသီနောက်ပိုင်း စက်တင်ဘာလအတွင်း ရာထူးက ထုတ်ပယ်ခံရတဲ့နည်းပြ မရှိခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group