
ကာတာကလပ် Qatar SC အသင်းဟာ PSG အသင်းက ပြင်သစ်နောက်ခံလူ ကင်ပမ်ဘေကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
ကင်ပမ်ဘေ(၃၀ နှစ်)ဟာ PSG အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်းက အသင်းကို ရောက်ရှိခဲ့သူဖြစ်တာကြောင့် နှစ်(၂၀)ကြာ လက်တွဲခဲ့တာပါ။
ကင်ပမ်ဘေဟာ အခုနောက်ပိုင်းရာသီတွေမှာ ဒဏ်ရာပြဿနာတွေနဲ့အတူ PSG အသင်းမှာ ပွဲကစားခွင့်မရသလောက်ဖြစ်လာတာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
'' ဒီမိသားစုရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ရခြင်းအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ဒီအရောင်အသွေးကို ကာကွယ်ရတာ ဆုလာဘ်တစ်ခုပါ။ ကျွန်တော့်ခေါင်းထဲမှာ အမှတ်ရစရာတွေအပြည့်နဲ့ ထွက်ခွာခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ ဘယ်တော့မှ အဆုံးမသတ်ပါဘူး။ ကျွန်တော်တို့ မကြာခင် တခြားပုံစံနဲ့ ပြန်ဆုံတွေ့ကြမှာပါ'' လို့ ကင်ပမ်ဘေက ပြောကြားခဲ့ပါတယ်။
Qatar SC အသင်းဟာ လက်ရှိအချိန်မှာ ကာတာလိဂ်ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ကင်ပမ်ဘေရဲ့ စာချုပ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။