
အစ္စရေး နှင့် အီတလီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
အီတလီနည်းပြသစ် ဂတ်တူဆိုက ပွဲဦးထွက်မှာ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ကစားသမားတွေကို ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့ကြောင်းလည်း သတင်းထွက်ခဲ့ပါတယ်။ အစ္စရေးက အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး နိုင်ပွဲတွေလည်း ဆက်နေပါတယ်။ အီတလီအသင်းအနေနဲ့ ခြေစစ်ပွဲအောင်ဖို့ ဒီလိုပွဲမျိုးမှာ အနိုင်ကစားနိုင်ဖို့ လိုပါတယ်။ ထိပ်တိုက်ဆုံတွေ့မှုမှာလည်း အစ္စရေးကို မရှုံးဖူးတဲ့ အီတလီအသင်း အဝေးကွင်းဖြစ်ပေမဲ့ နိုင်ပွဲဆက်မှာပါ။
ဂရိ နှင့် ဒိန်းမတ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
ဂရိက အုပ်စုအဖွင့်ပွဲမှာ ဘယ်လာရုစ်ကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဒိန်းမတ်ကတော့ စကော့တလန်နဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက် အနိုင်ရထားတဲ့ ဂရိအသင်းက လက်ရှိအချိန်မှာ ပိုကောင်းတဲ့အသင်း ဖြစ်နေပါတယ်။ ဂရိကိုပဲ ကြိုက်ပါတယ်။
အခြားပွဲစဉ်များ
*ဆွစ်ဇာလန် - ဆလိုဗေးနီးယား
ကိုဆိုဗို - ဆွီဒင်*
ဘယ်လာရုစ် - စကော့တလန်*
*ခရိုအေးရှား -မွန်တီနီဂရိုး
ဂျီဘရော်လ်တာ - ဖာရိုးကျွန်းစုများ*