Eleven Media Group

ဟာရီကိန်းရဲ့ခြေစွမ်းအပေါ် သံသယမရှိဘူးလို့ တူဟယ်လ် ပြောကြား

Photo: X

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နည်းပြ သောမတ်စ်တူဟယ်လ်က အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းရဲ့ခြေစွမ်းအပေါ် သံသယမရှိကြောင်း ပြောကြားခဲ့ပါတယ်။
အင်္ဂလန်က အန်ဒိုရာကို (၂-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဟာရီကိန်းဟာ ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ဘဲ ဘောလုံးနဲ့ (၁၂)ကြိမ်သာ ထိခဲ့သလို၊ ဂိုးသွင်းခွင့်လည်း နှစ်ကြိမ်သာရရှိခဲ့ပါတယ်။
''ကစားသမားတိုင်းအတွက် ရာသီအစပိုင်းမှာ အမြဲ ဒီလိုပဲလို့ ကျွန်တော် ထင်ပါတယ်။ ကိုယ့်ရဲ့ ရစ်သမ်ကို ရှာတွေ့ဖို့ ကြိုးစားကြရမှာဖြစ်ပြီး အဲဒါက ရရှိလာမှာပါ။ သူ ဘိုင်ယန်အသင်းအတွက် လေးဂိုး၊ ငါးဂိုး သွင်းထားပြီးပါပြီ။ ဒါကြောင့် သူ့ကို သံသယမရှိပါဘူး'' လို့ တူဟယ်လ်က ပြောကြားခဲ့ပါ တယ်။
ဒါပေမဲ့ တူဟယ်လ်က No.9 နေရာအတွက် ရွေးချယ်စရာတွေ အများကြီးရှိတာကြောင့် လာမယ့်ကမ္ဘာ့ဖလားမှာ ဘယ်သူအခွင့်အရေးရမလဲဆိုတာ စောင့်ကြည့်ရမယ်လို့လည်း ဆိုခဲ့ပါတယ်။
''ကျွန်တော်တို့မှာ အိုလီ(ဝပ်ကင်စ်)ရှိတယ်၊ ဟာရီရှိတယ်။ မားကပ်စ်လည်း အဲဒီနေရာမှာ ကစားနိုင်တယ်။ ဘိုဝင်လည်း အဲဒီနေရာမှာ ကစားနိုင်တယ်။ ဂေါ်ဒွန်လည်း နယူးကာဆယ်အတွက် အဲဒီနေရာမှာ ကစားခဲ့တယ်။ ဖိုဒန်လည်း နံပါတ်(၉)နေရာမှာ ကစားနိုင်တယ်၊ မော်ဂန်ရော်ဂျာစ်လည်း ကစားနိုင်တယ်။ ဒါကြောင့် ဘယ်သူအကောင်းဆုံး ပုံစံပြနိုင်မလဲဆိုနာ စောင့်ကြည့်ရမှာပါ'' လို့ တူဟယ်လ်က ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group