Eleven Media Group

ဘီလ်ဘာအိုနောက်ခံလူ အယ်လ်ဗာရက်ဇ် တားမြစ်ဆေးသုံးစွဲကြောင့် ပွဲပယ်ပြစ်ဒဏ် (၁၀)လ ချမှတ်ခံရ

Photo: Getty Images

ဘီလ်ဘာအိုအသင်းရဲ့ စပိန်နောက်ခံလူ ယယ်ရေးအယ်လ်ဗာရက်ဇ်ဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲပယ်ပြစ်ဒဏ် (၁၀)လ ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။
အယ်လ်ဗာရက်ဇ်(၃၀ နှစ်)ဟာ ဘီလ်ဘာအိုအသင်းအတွက် ပွဲပေါင်း(၂၅၀)ကျော် ကစားပေးထားသူဖြစ်ပြီး စပိန်လက်ရွေးစင်အဖြစ်တော့ ကစားဖူးခြင်းမရှိပါဘူး။
အယ်လ်ဗာရက်ဇ်ဟာ ၂၀၁၆ ခုနှစ်မှာ ဝှေးစေ့ကင်ဆာဖြစ်ပွားခဲ့ပြီး အဲဒီအတွက် ဆံပင်တွေ ကျွတ်တာကြောင့် သုံးစွဲခဲ့တဲ့ ဆေးဝါးတွေထဲမှာ တားမြစ်ဆေးပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့မေလက မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိိုင်နယ်မှာ ဆေးစစ်မှုပြုလုပ်တော့ အယ်လ်ဗာရက်ဇ် ဆေးကျခဲ့တာဖြစ်ပြီး ဇွန်လမှာကတည်းက ယာယီပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။
အခု UEFA က ပွဲပယ်ပြစ်ဒဏ် (၁၀)လ ချမှတ်ကြောင်း အတည်ပြုလိုက်တာကြောင့် အယ်လ်ဗာရက်ဇ်အနေနဲ့ ၂၀၂၆ ဧပြီလမှ ပြန်ကစားနိုင်မှာဖြစ်ပြီး လေ့ကျင့်မှုကိုတော့ ဖေဖော်ဝါရီလမှာ ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group