
ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ဟန်ဂေရီအသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကားလို့စ်ရုဇ်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။
စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ (၃၉)ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂွါတီမာလာကစားသမား ကားလို့စ်ရုဇ်ရဲ့ စံချိန်ကို လိုက်မီသွားခဲ့တာပါ။
အသက်(၄၀)ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ယှဉ်ပြိုင်ကစားတဲ့ နောက်ဆုံး(၁၂)ပွဲမှာ (၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လက်ရွေးစင်အသွင်းဂိုးအရေအတွက် (၁၄၁)ဂိုး ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဒါ့အပြင် ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းနှစ်ခုပေါင်း သွင်းဂိုး(၉၄၃)ဂိုး ရှိသွားခဲ့ပြီဖြစ်တာကြောင့် သူရည်မှန်းထားတဲ့ ဂိုး(၁၀၀၀)အရေအတွက်ပြည့်မြောက်ဖို့လည်း နီးစပ်လာခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ အသက်(၄၀)ပြည့်ပြီးချိန်မှာ သွင်းဂိုး(၂၀) သွင်းယူနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။