
အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းဟာ ဆားဘီးယားကို (၅-၀)ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပြိုင်ဘက်လက်ရွေးစင်အသင်း(၁၆)သင်းကို အဝေးကွင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ရွန်နီရဲ့စံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။
ဟာရီကိန်းဟာ အဝေးကွင်းမှာ ဆန်မာရီနို၊ ဂျာမနီ၊ စကော့တလန်၊ ပြင်သစ်၊ မော်လ်တာ၊ လစ်သူယေးနီးယား၊ မွန်တီနီဂရိုး၊ ချက်၊ ဘူလ်ဂေးရီးယား၊ ကိုဆိုဗို၊ အယ်လ်ဘေးနီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ အီတလီ၊ အန်ဒိုရာ၊ ဆားဘီးယားတို့ကို ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဟာရီကိန်းဟာ ၂၀၂၅ ခုနှစ်အတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၆)ပွဲကစားခဲ့ရာမှာ (၅)ဂိုးသွင်းယူနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
ဟာရီကိန်းဟာ အင်္ဂလန်အသင်းအတွက် (၁၀၉)ပွဲမှာ (၇၄)ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ (၅)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရထားတာကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေပါပြီ။