Eleven Media Group

ဗလင်စီယာနဲ့ပွဲကို နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ခွင့်မရသေးကြောင်း ဘာစီလိုနာ အတည်ပြု

Photo: X

ဘာစီလိုနာအသင်းက အခုတစ်ပတ် ယှဉ်ပြိုင်ရမယ့် ဗလင်စီယာနဲ့ပွဲကို နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ မျှော်မှန်းထားခဲ့ပေမဲ့ ယှဉ်ပြိုင်ခွင့်မရသေးကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ နူးကမ့်ကွင်းကို ၂၀၂၃ ခုနှစ်ကတည်းက အဆင့်မြှင့်တင်တိုးချဲ့တည်ဆောက်မှု ပြုလုပ်နေတာကြောင့် ရာသီအဖွင့် လာလီဂါ (၃)ပွဲစလုံးကို အဝေးကွင်းပွဲတွေအဖြစ်သာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
၂၀၂၃-၂၄ ရာသီနဲ့ ၂၀၂၄-၂၅ ရာသီတွေမှာလည်း အိမ်ကွင်းပွဲစဉ်တွေကို အိုလံပစ်ကွင်းမှာ လက်ခံကစားခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဗလင်စီယာနဲ့ပွဲကစပြီး နူးကမ့်ကွင်းမှာ ပြန်ကစားခွင့်ရဖို့ မျှော်မှန်းထားခဲ့ပေမဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ခွင့်ပြုချက်ချမပေးသေးတာကြောင့် ပရိသတ်(၆၀၀၀)သာဆံ့ပြီး အရန်အသင်းနဲ့ အမျိုးသမီးအသင်း အသုံးပြုနေတဲ့ ယိုဟန်ခရိုက်ဖ်ကွင်းမှာသာ ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အိုလံပစ်ကွင်းမှာက ဘာစီလိုနာ-ဗလင်စီယာပွဲမတိုင်ခင်ရက်မှာ ဂီတဖျော်ဖြေပွဲ ကျင်းပဖို့ ရှိနေတာကြောင့် အဲဒီကွင်းကို အသုံးမပြုနိုင်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group