
နာမည်ကျော်ဘရာဇီးလ်ကစားသမား ရော်နယ်လ်ဒင်ဟိုရဲ့ သားဖြစ်သူ ဂျော်အိုမန်ဒက်စ်ဟာ လိဂ်ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးအသင်းနဲ့ စာချုပ်ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။
အသက်(၂၀)ရှိပြီဖြစ်တဲ့ ဂျော်အိုမန်ဒက်စ်ဟာ ပြီးခဲ့တဲ့နှစ်က ဘန်လေအသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ပေမဲ့ လက်ရှိအချိန်မှာ စာချုပ်ဖျက်သိမ်းပြီး ဟားလ်စီးတီးအသင်းနဲ့ လက်တွဲဖို့ စီစဉ်ခဲ့တာပါ။
ဂျော်အိုမန်ဒက်စ်ဟာ ဟားလ်စီးတီးအသင်းရဲ့ အကယ်ဒမီကစားသမားအဖြစ် စာရင်းသွင်းခံရမှာဖြစ်ပြီး ယူ-၂၁ အသင်းမှာ ကစားခွင့်ရဖို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။
ရော်နယ်လ်ဒင်ဟိုလိုပဲ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျော်အိုမန်ဒက်စ်ဟာ ဘရာဇီးလ်ကလပ် ခရူဇီယိုအသင်းမှာ လူငယ်ကစားသမားဘဝကို အစပြုခဲ့ပြီး ဘာစီလိုနာအသင်းကိုလည်း ရောက်ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဖခင်နဲ့ နှိုင်းယှဉ်အကဲဖြတ်နေကြတာတွေကို မလိုလားတာကြောင့် အင်္ဂလန်ကို ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း ဂျော်အိုမန်ဒက်စ်က ပြောကြားခဲ့ဖူးပါတယ်။