Eleven Media Group

ဒဏ်ရာပြဿနာများပြားနေတဲ့ မန်စီးတီးအသင်းမှာ အီဂျစ်တိုက်စစ်မှူး အိုမာမာမွတ်ရှ် ဒူးဒဏ်ရာ ထပ်မံရရှိ

Photo: X

ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ မန်စီးတီးအသင်းမှာ အီဂျစ်တိုက်စစ်မှူး အိုမာမာမွတ်ရှ်လည်း ဒူးဒဏ်ရာ ထပ်မံရရှိခဲ့ကြောင်း သိရပါတယ်။
မာမွတ်ရှ်ဟာ ဘာကီနာဖာဆိုအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကွင်းအတွင်း ကုသမှုပြုလုပ်ပြီးနောက် လူစားလဲခံခဲ့ရပါတယ်။
အီဂျစ်အသင်းက အိုမာမာမွတ်ရှ်ဟာ ဒူးအရွတ်ပွန်းပဲ့သွားခဲ့ပြီး ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ ကိုင်ရိုကို ပြန်ရောက်မှ ထပ်မံစမ်းသပ်စစ်ဆေးရမယ်လို့ လူမှုကွန်ရက်ကတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ချာကီ၊ ဖိုဒန်၊ ကိုဗာချစ်၊ ဂီဗာဒီယောလ်၊ ဆယ်ဗင်ညို၊ ခူဆာနော့ဗ် စတဲ့ကစားသမားများစွာ ဒဏ်ရာရရှိနေတာကြောင့် မာမွတ်ရှ် ဒဏ်ရာထပ်ရခဲ့တာဟာ အသင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ မြို့ခံပြိုင်ဘက် မန်ယူအသင်းနဲ့ မန်ချက်စတာဒါဘီပွဲ ဆင်နွှဲရမှာပါ။

မူရင်းသတင်း — Eleven Media Group