
မော်ရင်ဟိုနဲ့ လမ်းခွဲခဲ့တဲ့ တူရကီကလပ် ဖီနာဘာချီအသင်းဟာ ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြဟောင်း တယ်ဒက်စကိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
အီတလီ-ဂျာမန် နည်းပြတစ်ဦးဖြစ်တဲ့ တယ်ဒက်စကိုဟာ ရှော်လ်ကေး၊ စပါးတပ်မော်စကို၊ လိုက်ပ်ဇစ်အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
ဒါပေမဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းရော ရလဒ်ပါ ဆိုးရွားခဲ့သလို၊ ဂိုးသမား ကော်တိုအာကလည်း နည်းပြမပြောင်းရင် ဆက်မကစားနိုင်ဘူးလို့ တောင်းဆိုခဲ့တာကြောင့် ၂၀၂၅ ဇန်နဝါရီမှာ ဘယ်လ်ဂျီယံနည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။
အခု ဖီနာဘာချီအသင်းက (၂)နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တာဖြစ်ပြီး လူငယ်နည်းပြ တယ်ဒက်စကို(၃၉ နှစ်)အတွက် (၆)သင်းမြောက် ကိုင်တွယ်ခွင့်ရတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။
ဖီနာဘာချီအသင်းဥက္ကဋ္ဌ အလီကော့ခ်ကတော့ မိမိတို့အသင်းဟာ ယူရို(၃၁၅)သန်းတန်ကြေးရှိတဲ့ အသင်းဖြစ်ပြီး ဆုဖလားရယူဖို့ လုံလောက်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။