Eleven Media Group

■ နဝဒေးမီးပွိုင့်တွင် ဈေးကြိုကားနှင့် ကုန်တင် Box ကား တိုက်မိရာ အမျိုးသားတစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

နဝဒေးမီးပွိုင့်တွင် စျေးကြိုကားနှင့် ကုန်တင် Box ကားတိုက်မိရာ အမျိုးသားတစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၁၁ ရက် နံနက် ၆ နာရီခန့်က မရမ်းကုန်းမြို့နယ် နဝဒေးမီးပွိုင့်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဖြစ်တာက ဒီမနက် ၆ နာရီလောက်ကပေါ့။ အမျိုးသားတစ်ယောက်က Dead Body ဖြစ်သွားတယ်။ ဒဏ်ရာရတာက ၁၂ ဦးရှိတယ်” ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများကို ပရဟိတအဖွဲ့များက မြေပြင်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group