Eleven Media Group

ဟန်ဆီဖလစ်ခ်ရဲ့ လက်ထောက်နည်းပြအဖြစ် သီယာဂိုအယ်လ်ကန်တာရာ စတင်ဆောင်ရွက်

Photo: FC Barcelona

ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း သီယာဂိုအယ်လ်ကန်တာရာဟာ ဟန်ဆီဖလစ်ခ်ရဲ့ လက်ထောက်နည်းပြအဖြစ် ကြာသပတေးနေ့မှာ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
သီယာဂိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘာစီလိုနာအသင်းမှာ အစပြုခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ်အသင်းတွေမှာလည်း ပြောင်းရွှေ့ကစားခဲ့သူပါ။
သီယာဂိုဟာ ၂၀၂၄ နွေရာသီမှာ ကစားသမားဘဝက အနားယူပြီးတဲ့နောက် အဲဒီနှစ်မှာပဲ ဘာစီလိုနာအသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ယာယီဆောင်ရွက်ခဲ့ပေမဲ့ လပိုင်းအတွင်းမှာပဲ လမ်းခွဲခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဟန်ဆီဖလစ်ခ်ရဲ့ လက်ထောက်နည်းပြတစ်ဦးအဖြစ် တရားဝင်ဆောင်ရွက်သွားတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းက အိမ်ပြန်လာတဲ့အတွက် ကြိုဆိုကြောင်း လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဗလင်စီယာနဲ့ လာလီဂါပွဲစဉ်အတွက် ကြာသပတေးနေ့မှာ လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဲဒီပွဲကို ပရိသတ်(၆၀၀၀)သာဆံ့တဲ့ ယိုဟန်ခရိုက်ဖ်ကွင်းမှာ ယှဉ်ပြိုင်သွားရမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group