Eleven Media Group

အိုနာနာကို ထရက်ဇွန်စပေါ်အသင်းထံ တစ်ရာသီအငှားချလိုက်ကြောင်း မန်ယူအသင်း အတည်ပြု

Photo: Man Utd

မန်ယူအသင်းက ကင်မရွန်းဂိုးသမား အိုနာနာကို တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းထံ တစ်ရာသီအငှားချလိုက်ကြောင်း ကြာသပတေးနေ့မှာ အတည်ပြုကြေညာခဲ့ပါတယ်။
မန်ယူအသင်းဟာ အိုနာနာကို ၂၀၂၃ နွေရာသီမှာ အင်တာမီလန်အသင်းကနေ ပေါင်(၄၃.၈)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အမှားအယွင်းများတဲ့ ဂိုးသမားတစ်ဦးဖြစ်တာကြောင့် အခုလို အငှားချခဲ့ခြင်းဖြစ်ပါတယ်။
မန်ယူအသင်းက ဘယ်လ်ဂျီယံဂိုးသမား လမ်မန်းစ်ကို ခေါ်ယူခဲ့ပြီး ပထမဂိုးသမားအဖြစ် နေရာပေးဖို့ စီစဉ်ခဲ့တာကြောင့် အိုနာနာက အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
မန်ယူအသင်းဟာ အိုနာနာကို အငှားချခြင်းအတွက် ငှားရမ်းခ ရရှိမှာမဟုတ်သလို၊ အပြီးသတ်ရောင်းချနိုင်မယ့် သဘောတူညီချက်လည်း မပါဝင်ကြောင်း၊ လစာကိုတော့ ထရက်ဇွန်စပေါ်အသင်းက အပြည့်အဝပေးချေသွားမှာဖြစ်ကြောင်း သိရပါတယ်။
တူရကီကို ရောက်ရှိလာတဲ့ အိုနာနာကို ထရက်ဇွန်စပေါ်အသင်းရဲ့ ပရိသတ်တွေကတော့ တခဲနက် ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group