Eleven Media Group

ကစားသမားဟောင်း လာပေါ့တ်ကို ဘီလ်ဘာအိုအသင်း ပြန်လည်ခေါ်ယူပြီး (၃)နှစ်စာချုပ် ချုပ်ဆို

Photo: X

ဘီလ်ဘာအိုအသင်းဟာ ကစားသမားဟောင်းဖြစ်တဲ့ စပိန်နောက်ခံလူ လာပေါ့တ်ကို ပြန်လည်ခေါ်ယူပြီး ၂၀၂၈ ခုနှစ်အထိ (၃)နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
လာပေါ့တ်ဟာ အသက်(၆)နှစ်အရွယ်ကတည်းက ဘီလ်ဘာအိုအကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး ဘီလ်ဘာအိုအသင်းအတွက် ပွဲပေါင်း(၂၀၀)ကျော် ကစားပေးခဲ့သူပါ။
၂၀၁၈ ခုနှစ်မှာ မန်စီးတီးအသင်းကို ပေါင်(၅၇)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၂၃ မှာတော့ အယ်လ်နာအသင်းကို ရောက်ရှိခဲ့ပါတယ်။
ဘီလ်ဘာအိုအသင်းဟာ လာပေါ့တ်ကို အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် အချိန်မီ ခေါ်ယူနိုင်ခဲ့ပေမဲ့ အယ်လ်နာဆာအသင်းက စာရင်းသွင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် အစောပိုင်းမှာ ဒီအပြောင်းအရွှေ့ကို FIFAF က လက်မခံခဲ့ပါဘူး။
ဒါပေမဲ့ စက်တင်ဘာ(၁၁)မှာတော့ FIFA က ခွင့်ပြုပေးခဲ့တာကြောင့် ဘီလ်ဘာအိုအသင်းအနေနဲ့ လာပေါ့တ်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group