
ပြီးခဲ့တဲ့ ဇွန်လက လက်စတာအသင်းနဲ့ လမ်းခွဲခဲ့တဲ့ နစ္စတယ်ရွိုင်းကို FC တွမ်တီးအသင်းရဲ့ နည်းပြသစ်အဖြစ် မြင်တွေ့ရဖွယ်ရှိကြောင်း သိရပါတယ်။
မန်ယူအသင်းရဲ့ ကစားသမားဟောင်းဖြစ်သလို၊ ယာယီနည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးတဲ့ နစ္စတယ်ရွိုင်းဟာ လက်စတာအသင်း တန်းဆင်းခဲ့ရတာကြောင့် နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့ လမ်းခွဲခဲ့တာပါ။
လက်ရှိအချိန်မှာ နစ္စတယ်ရွိုင်းကို နယ်သာလန်ကလပ် FC တွမ်တီးအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးနေပြီး အလားအလာကောင်းနေကြောင်းလည်း သတင်းထွက်နေပါတယ်။
FC တွမ်တီးအသင်းဟာ ရာသီအဖွင့် (၄)ပွဲကစားရာမှာ (၃)ပွဲရှုံံးနိမ့်ခဲ့တဲ့အပြင် ကစားပုံကလည်း စိတ်ပျက်စရာဖြစ်ခဲ့တာကြောင့် နည်းပြ ယိုးဆက်ဖ်အူစတင်းကို ရာထူးက ထုတ်ပယ်ပြီး အစားထိုးခန့်အပ်ဖို့ နည်းပြသစ် ရှာဖွေနေတာပါ။
နစ္စတယ်ရွိုင်းကလည်း နည်းပြလောကထဲ ပြန်ဝင်ရောက်ဖို့ ဆန္ဒရှိနေတာကြောင့် ဇာတိမြေမှာ FC တွမ်တီးအသင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း သုံးသပ်နေကြတာဖြစ်ပါတယ်။