
မာဆေးလ် နှင့် လော်ရီယန့် (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)
နှစ်သင်းစလုံး ရာသီအဖွင့်မှာ ရုန်းကန်နေရပါတယ်။ လော်ရီယန့်ကတော့ ပြီးခဲ့တဲ့ပွဲစဉ်ကို လိုင်လီကို (၁-၇)ဂိုးနဲ့ မရှုမလှအရှုံးပေးခဲ့ရတာကြောင့် ဒီဒဏ်ချက်ကို ကုစားရခက်နေပါလိမ့်ဦးမယ်။ အိမ်ကွင်းမှာ မာဆေးလ်အသင်း ဂိုးပြတ်အနိုင်ရနိုင်ခြေ ရှိပါတယ်။
လေဗာကူဆင် နှင့် ဖရန့်ဖတ် (မြန်မာစံတော်ချိန် စနေနံနက် ၁းဝ၀ နာရီ
လေဗာကူဆင်အသင်းက အလွန်ဆိုခေတ်လွန်မှာ မန်ယူအသင်းနည်းပြဟောင်း အဲရစ်တန်ဟက်ဂ်ကို ခန့်အပ်ခဲ့ပေမဲ့ ပွဲစဉ် ၂ အပြီးမှာပဲ ထုတ်ပယ်ခံလိုက်ရပါပြီ။ ရာသီအဖွင့်ပွဲစဉ်မှာ ဟော်ဖန်ဟင်မ်အသင်းကို အိမ်ကွင်းမှာ (၁-၂) ဂိုးနဲ့ ရှုံးနိမ့်ပြီး ပွဲစဉ် ၂ မှာ ၀ါဒါဘရီမင်အသင်းနဲ့ အဝေးကွင်းသုံးဂိုးစီ သရေကျခဲ့တာကြောင့် သမိုင်းတစ်လျှောက် အစောဆုံးအဖြစ် ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ဒိန်းမတ်လက်ရွေးစင်အသင်း နည်းပြဟောင်း ဟူလီမန်းကို နှစ်နှစ်စာချုပ်နဲ့ အစားထိုးခန့်အပ်ထားတယ်။ ဖရန့်ဖတ်အသင်းကတော့ ဒီရာသီ ပြိုင်ပွဲစုံမှာ ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ တာထွက်ကောင်းနေတယ်။ ဂျာမန်ဖလားပြိုင်ပွဲအပြင် ၀ါဒါဘရီမင် နဲ့ ဟော်ဖန်ဟင်မ်တို့ကို ဂိုးပြတ်အနိုင်ရထားပြီး တိုက်စစ်က သုံးပွဲမှာ ၁၂ ဂိုးသွင်းယူထားသလို ခံစစ်က နှစ်ဂိုးပဲ ပြန်ပေးထားရတယ်။ လေဗာကူဆင်က နည်းပြသစ်နဲ့ အထိုင်မကျလောက်သေးလို့ သရေလောက်ပဲရနိုင်တယ်။
ဆီဗီလာ နှင့် အယ်လ်ချီ (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)
တန်းတက်အယ်လ်ချီအသင်းက ရာသီအဖွင့်(၃)ပွဲမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားပါတယ်။ ဆီဗီလာကတော့ အာဂျင်တီးနားနည်းပြ အယ်လ်မေဒါရဲ့ လက်အောက်မှာ တည်ဆောက်ဆဲကာလလို ဖြစ်နေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာ ဆီဗီလာအသင်း အပြတ်အသတ်အသာရထားပေမဲ့ ဒီပွဲမှာတော့ သရေလောက်ပဲ ရနိုင်ပါတယ်။