
ပြီးခဲ့တဲ့ ရာသီကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်ကုန်ဆုံးသွားတဲ့ ၀ါရင့်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ဝုလ်ဖ်ဘတ်အသင်းထံ (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ကြောင်း သိရပါတယ်။
အဲရစ်ဆင် (၃၃ နှစ်)ဟာ မန်ယူအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဆွီဒင်ကလပ် မာလ်မိုအသင်းမှာ သွားရောက်လေ့ကျင့်နေပြီး အပြောင်းအရွှေ့ကာလ ပြီးဆုံးသွားပြီဖြစ်ပေမဲ့ စာချုပ်လက်မဲ့ကစားသမားဖြစ်တာကြောင့် ပြောင်းရွှေ့ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။
အဲရစ်ဆင်ဟာ ဝုလ်ဖ်ဘတ်အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုထားတဲ့အပြင် တစ်နှစ်ထပ်မံ သက်တမ်းတိုးမြှင့်နိုင်တဲ့အချက်လည်း ထည့်သွင်းထားကြောင်း သိရပါတယ်။
အဲရစ်ဆင်ဟာ အေဂျက်စ်၊ စပါး၊ အင်တာမီလန် စတဲ့အသင်းများမှာ ကစားခဲ့ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲမှာ နှလုံးရောဂါကြောင့် လဲကျခဲ့ပြီးနောက် ဘရန့်ဖို့ဒ်နဲ့ မန်ယူအသင်းတွေမှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။
အဲရစ်ဆင်က ဝုလ်ဖ်ဘတ်ဟာ သူ့အတွက် ပထမဆုံးဘွန်ဒစ်လီဂါကလပ်ဖြစ်ပြီး စွန့်စားခန်းအသစ်အတွက် စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့ပါတယ်။