
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အက်သလက်တီကိုအသင်းရဲ့Riyadh Air Metropolitano ကွင်းမှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
အက်သလက်တီကိုအသင်းဟာ ဒီကွင်းကို ၂၀၁၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တာကြောင့် (၁၀)နှစ်ပြည့်ချိန််မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ လက်ခံကျင်းပခွင့်ရရှိတာပါ။
ဒီကွင်းမှာ ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပခဲ့ဖူးပြီး အဲဒီတုန်းက လီဗာပူးလ်က စပါးကို (၂-၀)ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ဖူးကြောင်း သိရပါတယ်။
မကြာခင် စတင်တော့မယ့် ၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ ဟန်ဂေရီနိုင်ငံမှာ လက်ခံကျင်းပသွားမှာပါ။
၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂၀၂၇ ခုနှစ် ဇွန်လ(၅)ရက် စနေနေ့မှာ ကျင်းပမယ်လို့လည်း သိရပါတယ်။