
မန်စီးတီးအသင်းဟာ အင်္ဂလန်လက်ရွေးစင် လူငယ်ကစားသမား ရီကိုလီဝစ်ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ရီကိုလီဝစ်(၂၀ နှစ်)ဟာ မန်စီးတီးအကယ်ဒမီက ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ မန်စီးတီးအသင်းကြီးအတွက် စတင်ခေါ်ယူခြင်းခံခဲ့ရသူပါ။
မန်စီးတီးအသင်းဟာ ရီကိုလီဝစ်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေ ရှိလာတာကြောင့် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရီကိုလီဝစ်ဟာ ကွင်းလယ်ခံစစ်ကစားသမားအဖြစ်ရော နောက်ခံလူအဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး တောက်ပလာမယ့် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။
ရီကိုလီဝစ်က မန်စီးတီးအသင်းဟာ သူ့ရဲ့ အိပ်မက်အသင်းဖြစ်တာကြောင့် နှစ်ကာလရှည်ကြာစွာ ကစားသွားလိုကြောင်း ပြောကြားခဲ့ဖူးပါတယ်။