
ဘန်လေနဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူခဲ့တဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ စတုတ္ထနေရာရောက်လာခဲ့ကြောင်း သိရပါတယ်။
အဲဒီပွဲမှာ လီဗာပူးလ်အသင်းက ပွဲပြီးခါနီး (၉၀+၅) မိနစ်မှာ ရရှိတဲ့ ပယ်နယ်တီဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲစလုံး နောက်ကျဂိုးတွေနဲ့ အနိုင်ရရှိခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဘုန်းမောက်ကို (၄-၂)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုးနှစ်ဂိုးကို ခီယေဆာက (၈၈)မိနစ်နဲ့ ဆာလာက (၉၀+၄) မိနစ်မှာ သွင်းယူခဲ့ပြီး နယူးကာဆယ်ကို (၃-၂)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာလည်း အနိုင်ဂိုးကို အန်ဂူမိုဟာက (၉၀+၁၀)မိနစ်မှာမှ သွင်းယူခဲ့သလို၊ အာဆင်နယ်ကို (၁-)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာလည်း ဆိုဘိုဆလိုင်းက (၈၃)မိနစ်မှာ သွင်းယူခဲ့တာပါ။
ဘန်လေနဲ့ပွဲမှာ ဆာလာက ကစားသမားဘဝ (၁၈၈)ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်တာကြောင့် အန်ဒီကိုးလ်ကို ကျော်ဖြတ်ပြီး ဂိုးသွင်းအများဆုံး စတုတ္ထနေရာကို ရောက်ရှိလာတာပါ။
ပရီးမီးယားလိဂ်မှာ အလန်ရှီးယားက ဂိုးသွင်းအများဆုံးအဖြစ် (၂၆၀ ဂိုး)နဲ့ စံချိန်တင်ထားပြီး သူ့နောက်မှာ ဟာရီကိန်းက (၂၁၃ ဂိုး)၊ ရွန်နီက (၂၀၈ ဂိုး)နဲ့ ရပ်တည်နေတာကြောင့် ဆာလာအနေနဲ့ ရွန်နီကို လိုက်မီဖို့ နီးစပ်နေပြီဖြစ်ပါတယ်။