Eleven Media Group

အာဆင်နယ်အသင်းရဲ့ Set-pieces နည်းပြ ဂျိုဗာ ဆော်ဒီလက်ရွေးစင်အသင်းကို ကူညီသင်ကြားပေးမယ်

Photo: X

အာဆင်နယ်အသင်းရဲ့ Set-pieces နည်းပြ နီကိုလက်စ်ဂျိုဗာဟာ ဆော်ဒီလက်ရွေးစင်အသင်းကို ကူညီသင်ကြားပေးသွားမယ်လို့ သိရပါတယ်။
ဂျာမနီမှာ မွေးဖွားပြီး ပြင်သစ်မှာ ကြီးပြင်းခဲ့တဲ့ ဂျိုဗာဟာ မန်စီးတီးအသင်းမှာ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ်ရော Set-pieces နည်းပြအဖြစ်ပါ ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အာဆင်နယ်အသင်းက Set-pieces နည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။
ဂျိုဗာ ရောက်လာပြီးနောက်ပိုင်း အာဆင်နယ်အသင်းဟာ Set-pieces ကနေ သွင်းယူနိုင်တဲ့ဂိုးအရေအတွက် (၇၀)ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ဆော်ဒီလက်ရွေးစင်အသင်းက ဂျိုဗာကို နိုင်ငံတကာရက်သတ္တပတ်တွေမှာ လာရောက်သင်ကြားပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းကို ထိခိုက်မှုမရှိနိုင်ဘူးလို့ သိရပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဂျိုဗာဟာ အောက်တိုဘာလမှာ အင်ဒိုနီးရှား၊ အီရတ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရမယ့် ဆော်ဒီအသင်းနဲ့အတူ ရှိနေလိမ့်မယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group