Eleven Media Group

မန်ယူဂျာစီဝတ်ပြီး အလုပ်လုပ်ခဲ့တဲ့ ဘားဝန်ထမ်းကို မန်စီးတီးအသင်း ချက်ချင်းအလုပ်ထုတ်

Photo: X

မန်စီးတီးအသင်းဟာ မန်ချက်စတာဒါဘီနေ့မှာ မန်ယူဂျာစီဝတ်ပြီး အလုပ်လုပ်ခဲ့တဲ့ ဘားဝန်ထမ်းကို ချက်ချင်းအလုပ်ထုတ်ခဲ့ကြောင်း သိရပါတယ်။
မန်စီးတီးနဲ့ မန်ယူအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲကို မန်စီးတီးအသင်းရဲ့အစ်တီဟတ်ကွင်းမှာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့ပြီး ဘားဆိုင်မှာ တာဝန်ကျတဲ့ အလုပ်သမားတစ်ယောက်က မန်ယူဂျာစီကို ဂျာကင်အကျင်္ီရဲ့အောက်မှာ ဝတ်ဆင်လာခဲ့တာပါ။
ဒါကို မြင်တွေ့ခဲ့တဲ့ မန်စီးတီးပရိသတ်တစ်ယောက်က ဓာတ်ပုံရိုက်ယူခဲ့ပြီး ''တကယ့်ကို ဟာသပဲ မန်စီးတီးရေ။ ဒါဘီပွဲနေ့မှာ ဘားဝန်ထမ်းတစ်ယောက်ကို ယူနိုက်တက်အကျင်္ီဝတ်ဆင်ခွင့်ပြုထားတာပဲ'' လို့ရေးသားက လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါကို မန်စီးတီးအသင်းတာဝန်ရှိသူတွေ သိရှိသွားပြီးတဲ့နောက် အဲဒီဝန်ထမ်းကို ချက်ချင်းဆိုသလိုပဲ ရာထူးက ဖယ်ရှားပစ်ခဲ့ကြောင်း သိရပါတယ်။
အဲဒီဝန်ထမ်းရဲ့ လုပ်ရပ်ကို မန်စီးတီးပရိသတ် အတော်များများက ဒေါသထွက်ခဲ့ကြပြီး ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group