
ဗီရိုနာ နှင့် ခရီမိုနီဆီ (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)
ခရီမိုနီဆီက အေစီမီလန်နဲ့ ဆာဆူအိုလိုတို့ကို နှစ်ပွဲဆက်အနိုင်ရထားတဲ့အသင်းဖြစ်ပြီး ဗီရိုနာကတော့ နိုင်ပွဲမရသေးပါဘူး။ ထိပ်တိုက်တွေ့ဆုံမှုမှာ ဗီရိုနာသာပေမဲ့ လက်ရှိခြေစွမ်းအရတော့ ခရီမိုနီဆီကိုပဲ ကြိုက်ပါတယ်။
ကိုမို နှင့် ဂျီနိုအာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
အာဆင်နယ်ကစားသမားဟောင်းနှစ်ယောက်ဖြစ်တဲ့ ဖာဘရီဂတ်စ်နဲ့ ဗီယာရာတို့ နည်းပြအဖြစ် ပြန်လည်ရင်ဆိုင်ရမယ့်ပွဲဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းက အပေါ်စီးမှာ ရှိနေပါတယ်။ အိမ်ကွင်းမှာ ကိုမိုအသင်း နိုင်ပွဲပြန်ယူမှာပါ။
အက်စ်ပန်ညို နှင့် မာယော့ကာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
အက်စ်ပန်ညိုက ရာသီအစမှာ ရလဒ်ကောင်းနေပြီး မာယော့ကာကတော့ ဘာစီလိုနာ၊ ရီးယဲလ်တို့နဲ့ ပွဲကျပ်တွေ ရင်ဆိုင်ခဲ့ရတာကြောင့် တစ်မှတ်သာ ရရှိပါသေးတယ်။ ဒါပေမဲ့ ဒီပွဲမှာ မာယော့ကာအသင်း မရှုံးနိုင်ပါဘူး။