Eleven Media Group

ခရီမိုနီဆီအသင်းအတွက် ပွဲထွက်ကစားဖို့ အသင့်ဖြစ်နေပြီလို့ ဗာဒီ ပြောကြား

Photo: X

၀ါရင့်အင်္ဂလန်တိုက်စစ်မှူး ဗာဒီက ခရီမိုနီဆီအသင်းအတွက် ပွဲထွက်ကစားဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
ဗာဒီ(၃၈ နှစ်)ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လက်စတာအသင်းနဲ့ လမ်းခွဲခဲ့ပြီး စီးရီးအေတန်းတက်ကလပ် ခရီမိုနီဆီအသင်းနဲ့ တစ်နှစ်စာချုပ်(နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ပါဝင်) ချုပ်ဆိုခဲ့တာပါ။
ခရီမိုနီဆီအသင်းရဲ့နည်းပြ နီကိုလာက ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် ဗီရိုနာနဲ့ပွဲမှာ ဗာဒီကို စတင်အသုံးပြုဖွယ်ရှိကြောင်း သိရပါတယ်။
''ကျွန်တော် ဒီကိုရောက်လာတာ တိုက်ပွဲဝင်ဖို့၊ ဂိုးတွေသွင်းဖို့၊ ကလပ်အသင်း အမှတ်ရရှိအောင် ကူညီဖို့ပါ။ ကျွန်တော် ငယ်ငယ်တုန်းက ဒယ်လ်ပီယာရိုရဲ့ပွဲတွေ ကြည့်ခဲ့ဖူးပါတယ်။ သူက မယုံနိုင်စရာကစားသမားဖြစ်ပြီး ပွဲစဉ်အများစုမှာ ဂိုးတွေ သွင်းတာ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်လည်း အဲဒီလိုလုပ်နိုင်အောင် ကြိုးစားမှာပါ။ အသင်းအတွက် ပွဲထွက်ကစားဖို့ အသင့်ဖြစ်နေပါပြီ'' လို့ ဗာဒီက ပြောကြားခဲ့ပါတယ်။
Sky Bet က ဗီရိုနာနဲ့ပွဲမှာ ဗာဒီ ဂိုးသွင်းနိုင်ရင် (၂း၁)လေးပေးမယ်လို့ ကြေးဖွင့်ထားကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group