
♦ ဘီလ်ဘာအို - အာဆင်နယ် (ည ၁၁:၁၅ နာရီ)
နော်တင်ဟမ်နဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ကစားပုံက တော်တော်လေးအားရစရာ ကောင်းတယ်။ အဓိကကစားသမားတွေ ဒဏ်ရာပြဿနာရှိနေပေမဲ့ အသစ်ခေါ်ယူထားတဲ့ မာဒူအေကေ၊ အီဇီ၊ ဇူဘီမန်ဒီတို့က အစားထိုးနိုင်ပြီး တိုက်စစ်မှာ ယိုကယ်ရက်စ်ကလည်း ဂိုးတွေသွင်းနိုင်ပါပြီ။ ဘီလ်ဘာအိုကတော့ လာလီဂါမှာ အိမ်ကွင်းနှစ်ပွဲဆက် ရှုံးနိမ့်ထားသလို ဂိုးလည်းမသွင်းနိုင်ခဲ့ဘူး။ ဒီနှစ်သင်းက ရာသီကြိုကာလမှာလည်း အမ်းမရိတ်စ်မှာ ခြေစမ်း ကစားထားပြီး အာဆင်နယ်အသင်းက ယိုကယ်ရက်စ်၊ ဆာကာ၊ ဟာဗက်ဇ်တို့ရဲ့ဂိုးတွေနဲ့ သုံးဂိုးပြတ်အနိုင်ရခဲ့တယ်။ အခုပွဲလည်း အဝေးကွင်းကစားရမှာဖြစ်ပေမဲ့ အာဆင်နယ်ကိုပဲ ပိုကြိုက်တယ်။ (၁-၂) လောက် ဖြစ်နိုင်တယ်။
♦ ဂျူဗင်တပ်စ် - ဒေါ့မွန် (စက်တင်ဘာလ ၁၇ ရက် နံနက် ၁:၃၀ နာရီ)
ဂျူဗင်တပ်စ်အသင်းက ရာသီအစမှာ ရလဒ်ကောင်းမွန်နေပြီး ရာနှုန်းပြည့် သုံးပွဲဆက် အနိုင်ရထားတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အဓိကပြိုင်ဘက် အင်တာမီလန်ကို နောက်က လိုက်ပြီး အနိုင်ရအောင် ပြန်ကစားနိုင်ခဲ့တာက ချီးကျူးရမှာပါ။ ဗလာဟိုဗစ်အပြင် နေရာစုံက ကစားသမားတွေ ဂိုးသွင်းနိုင်တာကလည်း ဂျူဗင်တပ်စ်ရဲ့ တိုးတက်လာမှုဖြစ်တယ်။ ဒေါ့မွန်ကလည်း ရာသီအဖွင့်ပွဲမှာ သရေကျခဲ့ပေမဲ့ နှစ်ပွဲဆက် ဂိုးပြတ်ရလဒ်တွေနဲ့ နိုင်ပွဲဆက်ထားတယ်။ တူရင်မြေဖြစ်လို့ ဂျူဗင်တပ်စ်အသင်း နှစ်ဂိုးလောက်ပြတ်နိုင်တယ်။
♦ စပါး - ဗီလာရီးယဲလ် (စက်တင်ဘာလ ၁၇ ရက် နံနက် ၁:၃၀ နာရီ)
သောမတ်စ်ဖရန့်ခ်လက်ထက်မှာ စပါးအသင်းက ပိုကျစ်လျစ်ပြီး ပိုလည်းအားကောင်းလာတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲအပြီးမှာ သုံးပွဲအနိုင်ရထားပြီး သုံးပွဲစလုံး Clean Sheet ရယူနိုင်ခဲ့တယ်။ အဲဒီနိုင်ပွဲတွေထဲမှာ မန်စီးတီးကို အဝေးကွင်းနှစ်ဂိုးပြတ် အနိုင်ရတဲ့ပွဲလည်း ပါဝင်နေတယ်။ ဗီလာရီးယဲလ်ကတော့ ရာသီအဖွင့်နှစ်ပွဲဆက် ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ရပြီးမှ နှစ်ပွဲဆက် နိုင်ပွဲပျောက်ထားပြန်တယ်။ စပါးအသင်းရဲ့ လက်ရှိခြေစွမ်းက အားရစရာကောင်းလို့ အိမ်ကွင်းမှာ အနိုင်ရလဒ်နဲ့ တာထွက်နိုင်မှာပါ။
♦ ရီးယဲလ်မက်ဒရစ် - မာဆေးလ် (စက်တင်ဘာလ ၁၇ ရက် နံနက် ၁:၃၀ နာရီ)
ရီးယဲလ်အသင်းက အလွန်ဆိုလက်ထက်မှာ တဖြည်းဖြည်းအသားကျလာပြီး နိုင်ပွဲတွေအပြင် စုဖွဲ့မှုလည်းကောင်းလာတယ်။ လာလီဂါမှာ ရာနှုန်းပြည့် လေးပွဲစလုံးအနိုင်ရထားတဲ့ တစ်သင်းတည်းသောကလပ်အဖြစ် ရပ်တည်နေပြီး တိုက်စစ်ကလည်း ပျမ်းမျှတစ်ပွဲနှစ်ဂိုးနှုန်း သွင်းယူထားတယ်။ အမ်ဘာပေက လေးပွဲမှာ လေးဂိုးသွင်းယူထားပြီး ဗင်နီစီယပ်စ်နဲ့ ခြေစွမ်းပြနေတဲ့ အာဒါဂူလာက နှစ်ဂိုးစီသွင်းထားကြတယ်။ မာဆေးလ်အသင်းက ခြေသိပ်မမှန်သေးဘူး။ ဒီရာသီ အိမ်ကွင်းနှစ်ပွဲမှာ ကိုးဂိုးအထိသွင်းယူပြီး အနိုင်ရထားပေမဲ့ အဝေးကွင်းနှစ်ပွဲစလုံး ရှုံးနိမ့်ထားတယ်။ ရီးယဲလ်အသင်းကိုလည်း မက်ဒရစ်မြေမှာ အချိန်ကြာကြာတောင့်ခံထားနိုင်ဖို့ မလွယ်ပါဘူး။ ရီးယဲလ်အသင်း အနိုင်ရမှာဖြစ်ပြီး ဂိုးများတဲ့ပွဲဖြစ်နိုင်တယ်။
♦ အခြားပွဲစဉ်များ
*PSV - ဆန်လွိုက်ဆီ
*ဘင်ဖီကာ - ကာရာဘတ်
Photos: Teams' Facebook