
အေဂျက်စ် နှင့် အင်တာမီလန် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
အင်တာမီလန်အသင်းက စီးရီးအေမှာ နှစ်ပွဲဆက်ရှုံးထားပါတယ်။ ခံစစ်ပိုင်းမှာ အားနည်းချက်ရှိနေတယ်လို့ ဆိုရမှာပါ။ အေဂျက်စ်က ဒီရာသီမှာ ရှုံးပွဲမရှိသေးဘဲ အိိမ်ကွင်းမှာလည်း နိုင်ပွဲဆက်နေတာကြောင့် အဝေးကွင်းမှာ အင်တာမီလန် ရုန်းကန်ရဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ အေဂျက်စ်ကွင်းမှာ မရှုံးဖူးတာကြောင့် သရေတော့ ရနိုင်ပါတယ်။
PSG နှင့် အတ္တလန်တာ (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
လက်ရှိချန်ပီယံ PSG အသင်း ဘယ်လိုရလဒ်နဲ့ အစပြုမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပြင်သစ်လိဂ်မှာ (၄)ပွဲဆက် ရာနှုန်းပြည့်အနိုင်ရထားတဲ့ ခြေစွမ်းကတော့ ရာသီသစ်မှာလည်း ဆုဖလားအားလုံးကို စိန်ခေါ်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုရမလိုပါပဲ။ အတ္တလန်တာကတော့ ရာသီသစ်မှာ အသားမကျသေးပါဘူး။ PSG ရဲ့ ဂိုးပြတ်နိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။
လီဗာပူးလ် နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
ရာသီသစ်အတွက် အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့ လီဗာပူးလ်အသင်းက ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။ အက်သလက်တီကိုကတော့ လာလီဂါမှာ ပြီးခဲ့တဲ့ပွဲစဉ်ကမှ နိုင်ပွဲစရခဲ့တာပါ။ ချန်ပီယံလိဂ်မှာလည်း လီဗာပူးလ်အသင်း နိုင်ပွဲနဲ့ ဖွင့်လှစ်ပါလိမ့်မယ်။
ဘိုင်ယန်မြူးနစ် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
ဂျာမန်နဲ့ အင်္ဂလန် အားပြိုင်မယ့် ပွဲကြီးပွဲကောင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကတော့ လောလောဆယ် ပိုပြီးအရှိန်ရနေသလိုပါပဲ။ ချယ်လ်ဆီးကတော့ ကစားသမားအပြောင်းအလဲတွေနဲ့ မငြိမ်သေးပါဘူး။ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ဘိုင်ယန်မြူးနစ်က နောက်ဆုံး(၄)ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ ဂျာမန်မြေလည်း ဖြစ်နေလို့ ဘိုင်ယန်မြူးနစ်ကိုပဲ ရွေးချင်ပါတယ်။
အခြားပွဲစဉ်များ
အိုလံပီယာကော့စ် - ပါဖိုးစ် *
ဆလားဗီးယားပရပ်ဂ် - ဘိုဒယ်ဂလင့် *