
မန်ယူအသင်းဟာ နည်းပြ အာမိုရင်မ်ကို သက်တမ်းတစ်နှစ်မပြည့်ခင် ရာထူးက ထုတ်ပယ်ရင် လျော်ကြေးပေါင်(၁၂)သန်း ပေးရမယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
မန်ယူအသင်းဟာ ပေါ်တူဂီနည်းပြ အာမိုရင်မ်ကို ၂၀၂၄ နိုဝင်ဘာ(၁)ရက်မှာ ၂၀၂၇ ခုနှစ်အထိ စာချုပ်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက်လည်း ပါဝင်ပါတယ်။
ဒါကြောင့် အာမိုရင်မ်အနေနဲ့ လာမယ့် နိုဝင်ဘာ(၁)ရက်မှ မန်ယူနည်းပြဘဝ သက်တမ်းတစ်နှစ်ပြည့်မှာဖြစ်ပြီး အဲဒီမတိုင်ခင် ထုတ်ပယ်ရင် ပေါင်(၁၂)သန်းပေးရမယ်လို့ သိရပါတယ်။
အာမိုရင်မ်ဟာ ရလဒ်ဆိုးတွေ၊ မှတ်တမ်းဆိုးတွေနဲ့သာ ရင်ဆိုင်နေရတာကြောင့် ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ သတင်းထွက်နေပေမဲ့ မန်ယူအသင်းတာဝန်ရှိသူတွေက သူ့ကို ထောက်ခံမှုပေးထားဆဲဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ ဗြိတိန်မီဒီယာတချို့ကတော့ မန်ယူအသင်းဟာ အာမိုရင်မ်နေရာ အစားထိုးဖို့ နည်းပြကို လျာထားပြီးပြီဖြစ်ပြီး နောက်ထပ်(၃)ပွဲသာ စောင့်ကြည့်သွားေတော့မယ်လို့လည်း ဖော်ပြနေကြပါတယ်။
မန်ယူအသင်းဟာ အာမိုရင်မ်မတိုင်ခင် နည်းပြ(၅)ဦးကို ထုတ်ပယ်ခြင်းအတွက် လျော်ကြေးပေါင်သန်း(၅၀)ကျော် သုံးစွဲခဲ့ရကြောင်း သိရပါတယ်။