
သြစတြေးလျကလပ် မဲလ်ဘုန်းဗစ်ထရီအသင်းဟာ ချယ်လ်ဆီးနဲ့ မန်ယူကစားသမားဟောင်း မာတာကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူပြီး တစ်နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
အသက်(၃၇)နှစ်ရှိပြီဖြစ်တဲ့ စပိန်တိုက်စစ်ကစားသမား မာတာဟာ ရီးယဲလ်အကယ်ဒမီက ထွက်ပေါ်ခဲ့သူဖြစ်ပြီး ဗလင်စီယာကတစ်ဆင့် ချယ်လ်ဆီး၊ အဲဒီကနေ မန်ယူမှာ ပြောင်းရွှေ့ကစားခဲ့တာပါ။
မာတာဟာ မန်ယူအသင်းနဲ့ လမ်းခွဲပြီးနောက်မှာ တူရကီကလပ် ဂါလာတာစာရေး၊ ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေး၊ သြစတြေးလျကလပ် ဝက်စ်တန်းဆစ်ဒနီဝမ်းဒါးရားစ်အသင်းတွေမှာ ကစားခဲ့ပြီး အခု သြစတြေးလျမှာပဲ ဆက်ကစားဖို့ မဲလ်ဘုန်းဗစ်ထရီအသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
မာတာက ပြီးခဲ့တဲ့ရာသီမှာ ဝက်စ်တန်းဆစ်ဒနီအသင်းအတွက် (၇)ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့တာကြောင့် အခွင့်အရေးပိုရမယ့် မဲလ်ဘုန်းဗစ်ထရီအသင်းဆီ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မာတာဟာ သြစတြေးလျ A League ကို မရောက်ခင်က ကလပ်အသင်းတိုင်းမှာ ဆုဖလားအောင်ပွဲရယူနိုင်ခဲ့သူဖြစ်ကြောင်းလည်း သိရပါတယ်။