
ဖီနာဘာချီအသင်းနဲ့ လမ်းခွဲထားတာ မကြာသေးတဲ့ ပေါ်တူဂီနည်းပြ မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းနဲ့ ပြန်လည်လက်တွဲတော့မယ်လို့ သတင်းထွက်နေပါတယ်။
အသက်(၆၂)နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ နည်းပြဘဝ အစပြုချိန်မှာ ဘင်ဖီကာအသင်းကို (၃)လဝန်းကျင် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး နှစ်ပေါင်း (၂၅)နှစ်အကြာမှာ တစ်ကျော့ပြန်လက်တွဲဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဘင်ဖီကာအသင်းဟာ အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကာရာဘတ်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ ဘရူနိုလာ့ချ်ကို ရာထူးက ထုတ်ပယ်လိုက်ပြီး မော်ရင်ဟိုကို အစားထိုးခန့်အပ်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် သြဂုတ်လ(၂၉)ရက်နေ့မှာ ဖီနာဘာချီနည်းပြရာထူူးက ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ဟိုအနေနဲ့ တစ်လအတွင်းမှာပဲ နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။
ဘင်ဖီကာအသင်းနဲ့ မော်ရင်ဟိုတို့ဟာ မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရပါတယ်။