Eleven Media Group

ဒဏ်ရာပြဿနာကြောင့် နယူးကာဆယ်နဲ့ပွဲလူစာရင်းမှာ ယမားလ် မပါဝင်

Photo: X

ဘာစီလိုနာအသင်းဟာ ကြယ်ပွင့်ကစားသမား ယမားလ်ကို ဒဏ်ရာပြဿနာကြောင့် နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲလူစာရင်းက ချန်လှပ်ခဲ့ကြောင်း သိရပါတယ်။
ယမားလ်ဟာ ပေါင်ခြံဒဏ်ရာ ရရှိနေတာဖြစ်ပြီး ဗလင်စီယာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်ကတော့ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်မှာ ယမားလ်ကို ပွဲချိန်အများကြီးကစားစေခဲ့တဲ့ စပိန်လက်ရွေးစင်အသင်းရဲ့ လုပ်ရပ်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
စပိန်ကစားသမားတွေပဲဖြစ်တဲ့ ဘယ်နောက်ခံလူ ဘယ်လ်ဒီနဲ့ ကွင်းလယ်ကစားသမား ဂါဗီတို့လည်း နယူးကာဆယ်နဲ့ပွဲ လူစာရင်းမှာ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။
ဘာစီလိုနာအသင်းက ယမားလ်ကို PSG အသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်(၂)မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
ယမားလ်ကတော့ ဗလင်စီယာနဲ့ပွဲကို လွဲချော်ခဲ့ချိန်မှာ ချစ်သူအသစ် နစ်ကီနီကိုးလ်နဲ့ အတူရှိနေတဲ့ပုံကို Instagram မှာ တင်ကာ ချစ်သူကို အရမ်းချစ်ပြီး အရမ်းပျော်ရွှင်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group