
ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အင်္ဂလန်နောက်ခံလူ အာနိုးလ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် (၆)ပတ်ဝန်းကျင် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။
အာနိုးလ်ဟာ မာဆေးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အဲဒီဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ပွဲအစ(၅)မိနစ်မှာပဲ လူစားလဲခံခဲ့ရပါတယ်။
ရီးယဲလ်အသင်းက အာနိုးလ်အနေနဲ့ ဘယ်ဘက်တံကောက်ကြော ကြွက်သားဒဏ်ရာရရှိခဲ့ကြောင်းနဲ့ စမ်းသပ်စစ်ဆေးမှုတွေ ထပ်လုပ်ရဦးမှာဖြစ်ကြောင်းသာ ကြေညာခဲ့ပေမဲ့ မီဒီယာအတော်များများက (၆)ပတ်ဝန်းကျင် အနားယူရမယ်လို့ ဖော်ပြခဲ့ကြတာပါ။
ဒါကြောင့် အာနိုးလ်အနေနဲ့ အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ရမယ့် မက်ဒရစ်ဒါဘီပွဲ၊ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့် El Clasico ပွဲအပါအဝင် ရီးယဲလ်အသင်းရဲ့ပွဲစဉ် (၈)ပွဲလောက်ကို လွဲချော်ဖွယ်ရှိနေပြီး နိုဝင်ဘာ(၄)ရက်မှာ လီဗာပူးလ်နဲ့ ပြန်လည်ရင်ဆိုင်ရမယ့်ပွဲကိုတောင် ပါဝင်ကစားနိုင်ဖို့ စိတ်မချရကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။
အာနိုးလ်ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ ဒဏ်ရာပြဿနာနဲ့ (၄)ကြိမ်မြောက် ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။