Eleven Media Group

ချန်ပီယံလိဂ်မှာ ဂိုး(၅၀) အမြန်ဆုံးပြည့်မြောက်တဲ့ ကစားသမားအဖြစ် ဟာလန်း မှတ်တမ်းဝင်

Photo: Man City

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုး(၅၀)အမြန်ဆုံးပြည့်မြောက်အောင် သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဟာလန်းဟာ နာပိုလီအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရရှိတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး (၄၉)ပွဲကစားအပြီးမှာပဲ ဂိုး(၅၀)ပြည့်ခဲ့တာဖြစ်ပါတယ်။
အရင်က ချန်ပီယံလိဂ်ဂိုး(၅၀) အမြန်ဆုံးပြည့်မြောက်သူအဖြစ် စံချိန်တင်ထားသူက နစ္စတယ်ရွိုင်းဖြစ်ပြီး (၆၂)ပွဲနဲ့ ဂိုး(၅၀)ပြည့်ခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ ချန်ပီယံလိဂ်ဂိုး(၅၀)ကို ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ (၆)ပွဲ(၈)ဂိုး၊ ဒေါ့မွန်အသင်းမှာ (၁၃)ပွဲ(၁၅)ဂိုး၊ မန်စီးတီးအသင်းမှာ ပွဲ(၃၀) (၂၇)ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ဟာလန်း ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ပြိုင်ဘက်အသင်းကတော့ လိုက်ပ်ဇစ်နဲ့ ဆီဗီလာတို့ဖြစ်ပြီး (၆)ဂိုးစီ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group