Eleven Media Group

အင်တာမိုင်ယာမီနဲ့ မက်ဆီ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေ

Photo: X

နာမည်ကျော် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ၂၀၂၃ ဇူလိုင်မှာ အင်တာမိုင်ယာမီအသင်းနဲ့ (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာကြောင့် ဒီနှစ်ကုန်ရင် စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။
ဒါကြောင့် အင်တာမိုင်ယာမီအသင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အနည်းဆုံးတစ်နှစ် သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီလို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ လက်ရှိအချိန်မှာ ကွင်းသစ်တည်ဆောက်မှုပြုလုပ်နေပြီး ၂၀၂၆ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတာကြောင့် ကွင်းသစ်ဖွင့်လှစ်ချိန်အထိ မက်ဆီကို အသင်းမှာ ဆက်ရှိစေဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။
မက်ဆီကလည်း သူ့ရဲ့ မိသားစု အမေရိကန်မှာ အသားကျနေပြီဖြစ်တာကြောင့် အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးဖွယ်ရှိကြောင်းလည်း သတင်းထွက်နေပါတယ်။

မူရင်းသတင်း — Eleven Media Group