
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် အရွယ်မရောက်သေးသည့် အသက် ၁၂ နှစ်အရွယ် သမီးအရင်းဖြစ်သူကို သားမယားပြုကျင့်သည့်ဖခင်ဖြစ်သူအား တောင်ငူခရိုင်တရားရုံးမှ စက်တင်ဘာ ၁၈ ရက်က ထောဏ်ဒဏ်အနှစ် ၄၀ ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ပြစ်မှူကျူးလွန်သူတရားခံမှာ ကျော်သက် ၃၆ နှစ်၊ အောက်တင်းကုတ်ကျေးရွာ၊ ဇီးဖြူသောင်ကျေးရွာအုပ်စု၊ ထန်းတပင်မြို့နယ်နေသူဖြစ်ပြီး ရာဇသတ်ကြ်ီးပုဒ်မ ၃၇၆(၁) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂၀ နှစ်)၊ ရာဇသတ်ကြ်ီးပုဒ်မ ၃၇၆(၁) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂၀ နှစ်) အား သီးခြားစီကျခံစေရန် တောင်ငူခရိုင် တရားသူကြီး ဦးမိုးကြည်မောင်မှ ၁၈.၉.၂၀၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး နေရာနှစ်ခုတွင် သားမယားပြုကျင့်ခဲ့ခြင်းဖြစ်သောကြောင့် ပုဒ်မတူသော်လည်း ပြစ်ဒဏ် နှစ်ခုကို သီးခြားစီအမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၉ ရက် ည ၁၀ နာရီခွဲခန့်၌ အောက်တင်းကုတ်ကျေးရွာ၊ ဇီးဖြူသောင်ကျေးရွာအုပ်စု၊ ထန်းတပင်မြို့နယ်နေသူ ဒေါ်-------(၂၇ နှစ်)သည် နေအိမ်တွင် ရှိနေစဉ် သမီးဖြစ်သူ မ---------အသက် (၁၂)နှစ်မှာ နေအိမ်အိပ်ခန်းအတွင်း ဖုန်းကြည့်နေရာမှ အသံမကြားရတော့သဖြင့် ဝင်ရောက်ကြည့်ရာ ခင်ပွန်းဖြစ်သူ ကျော်သက်မှ သမီးဖြစ်သူ ------ အား သားမယားအဖြစ်ပြုကျင့်နေသည်ကို တွေ့ရှိရသဖြင့် “နင်ဘာလုပ်နေတာလဲ နင့်နဲ့မွေးထားတဲ့ကလေး နင်လုပ်စရာလား” ဟုပြောရာ ကျော်သက်မှ နေအိမ်မှ ထွက်သွားခဲ့ကြောင်း၊ ထို့နောက်သမီးဖြစ်သူ ------ အား တစ်ရွာတည်းနေ အိမ်နီးချင်းသုံးဦးတို့၏ ရှေ့တွင်မေးမြန်းရာ လွန်ခဲ့သော တစ်လခန့် (နေ့ရက်မမှတ်မိ)ကလည်း သမီးဖြစ်သူ မ ------ သည် ဖခင်ဖြစ်သူ ကျော်သက်နှင့်အတူ လယ်ထဲ၌ ကစွန်းရွက်ခူးသွားရောက်တိုင်း သားမယားအဖြစ် စုစုပေါင်း ရှစ်ကြိမ်ခန့် ပြုကျင့်ခဲ့ကြောင်း ပြောပြ၍သိရှိရသဖြင့် သမီးဖြစ်သူအား သားမယားဖြစ်ပြုကျင့်ခဲ့သူ ကျော်သက်အား ဥပဒေအရအရေးယူပေးရန် ထန်းတင်မြို့မရဲစခန်းတွင် မိခင်ဖြစ်သူ ဒေါ် ------- မှ တရားလိုလုပ်ကာ ဇူလိုင် ၁၂ ရက်နေ့၌ အမှူဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုအား ဒုရဲမှူး စန်းညွန့်လှိုင်မှ စစ်ဆေးဆောင်ရွက်ခဲ့ပြီး သမီးဖြစ်သူအား သားမယားအဖြစ် ခြောက်ကြိမ်ပြုကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြစ်မှုကျုးလွန်သူ တရားခံ ကျောက်သက်အား ဇူလိုင် ၁၂ ရက်နေ့၌ (ပ)၂၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီးနောက် နှစ်လကျော်ခန့်အကြာ စက်တင်ဘာ ၁၈ ရက်နေ့တွင် တောင်ငူခရိုင်တရားရုံးမှ နှစ်ရှည် ထောင်ဒဏ်ပြစ်ဒဏ်များ အမိန့်ချမှတ်ခဲ့ဖြစ်ကြောင်း သိရသည်။