
လိုုင်ယွန် နှင့် အန်ဂါစ် (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)
လိုင်ယွန်က ပြင်သစ်လိဂ်မှာ (၃)ပွဲဆက်အနိုင်ရခဲ့ပြီးမှ နောက်ဆုံးပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။ အန်ဂါစ်ကတော့ နောက်ဆုံး(၃)ပွဲမှာ နှစ်မှတ်သာ ရရှိခဲ့တဲ့အသင်းပါ။ ထိပ်တိုက်ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး(၄)ပွဲဆက် ဂိုးပြတ်အနိုင်ရခဲ့တဲ့ လိုင်ယွန်အသင်း ဒီပွဲမှာလည်း ဂိုးပြတ်အနိုင်ရဖို့ အလားအလာများပါတယ်။
စတုဂတ် နှင့် ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် စနေနံနက် ၁းဝ၀ နာရီ)
လက်ရှိခြေစွမ်းမှာ ရှုံးပွဲမရှိသေးတဲ့ ဆန့်ပေါ်လီကတောင် ပိုကောင်းနေသလိုပါပဲ။ စတုဂတ်ကွင်းမှာ ဆန့်ပေါ်လီ အရှုံးပေးရတာ များလေ့ရှိတဲ့အချက်ကိုတော့ သတိပြုရမှာပါ။ သရေကျနိုင်တဲ့ပွဲပါ။
လက်ချီ နှင့် ကာဂလီယာရီ (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)
လက်ချီက စီးရီးအေအမှတ်ပေးဇယားအောက်ဆုံးရောက်နေပြီး သွင်းဂိုးတစ်ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။ ကာဂလီယာရီကလည်း (၃)ပွဲမှာ (၄)မှတ်သာရရှိထားတာပါ။ ဒီနှစ်သင်း ဆုံတွေ့တဲ့ပွဲတွေမှာ သရေရလဒ် အများဆုံးထွက်ပေါ်လေ့ရှိပါတယ်။ ဒီပွဲလည်း ဂိုးနည်းတဲ့ သရေပွဲ ဖြစ်နိုင်ပါတယ်။
ဘက်တစ် နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)
ဆိုစီဒက်က ဒီရာသီ လာလီဂါမှာ နိုင်ပွဲမရသေးသလို၊ ဘက်တစ်ကလည်း တစ်ပွဲသာ အနိုင်ရပါသေးတယ်။ နှစ်ပွဲဆက်ရှုံးထားတဲ့ ဆိုစီဒက်အနေနဲ့ ဘက်တစ်ကွင်းမှာလည်း ရုန်းကန်ရဦးမှာပါ။ ဘက်တစ် နိုင်ပွဲပြန်ရဖို့ အလားအလာများပါတယ်။