Eleven Media Group

ရစ်ချက်ဂါးလစ်ကို အမှုဆောင်ချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း အာဆင်နယ်အသင်း ကြေညာ

Photo: Arsenal

အာဆင်နယ်အသင်းက မန်နေးဂျင်းဒါရိုက်တာ ရစ်ချက်ဂါးလစ်ကို အမှုဆောင်ချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အမှုဆောင်ဒုဥက္ကဋ္ဌ တင်မ်လူးဝစ်နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် ဘုတ်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းမှု ပြုလုပ်ရာမှာ ရစ်ချက်ဂါးလစ်ကို အမှုဆောင်ချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
တင်မ်လူးဝစ်ဟာ အာဆင်နယ်အသင်းကို ပိုင်ဆိုင်ထားတဲ့ ကရွန်ကီမိသားစုရဲ့ အဖွဲ့မှာ ၂၀၀၇ ခုနှစ်မှာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အာဆင်နယ်အသင်းရဲ့ ဒါရိုက်တာဖြစ်၊ ၂၀၂၃ မှာ အမှုဆောင်ဒုဥက္ကဋ္ဌ ဖြစ်လာသူပါ။
ရစ်ချက်ဂါးလစ်ကတော့ ၂၀၂၁ ခုနှစ်မှ အာဆင်နယ်အသင်းကို စတင်ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာမှ မန်နေးဂျင်းဒါရိုက်တာ ဖြစ်လာသူလို့ သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ ပူးတွဲဥက္ကဋ္ဌ ဂျို့ရှ်ကရွန်ကီကတော့ အပြောင်းအလဲတွေက မတူကွဲပြားတဲ့ စွမ်းဆောင်ရည်တွေကို ယူဆောင်လာမှာဖြစ်တာကြောင့် အသင်းအတွက် စွမ်းအားအသစ်၊ အတွေးအခေါ်အသစ်တွေ ရရှိလာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group