
လီဗာပူးလ်နည်းပြ အာနယ်ဆလော့ဟာ အေဂျက်စ်အသင်းက နယ်သာလန်နောက်ခံလူ ယူရီဘတ်စ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ယူရီဘတ်စ်(၂၂ နှစ်)ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက အေဂျက်စ်အသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူပါ။
အာနယ်ဆလော့က အသင်းရဲ့ ခံစစ်မှာ ကာလရှည်အသုံးပြုနိုင်မယ့် လူငယ်ကစားသမား အလိုရှိနေတာကြောင့် ယူရီဘတ်စ်ကို မျက်စိကျနေခြင်းဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ပြင်သစ်နောက်ခံလူ ကိုနာတေးကို လာမယ့်နွေရာသီမှာ ဆုံးရှုံးရဖို့ နီးစပ်နေသလို၊ ဗန်ဒိုက်ကလည်း အသက်အရွယ်ရလာပြီဖြစ်တာကြောင့် ခံစစ်ပိုင်းကို သွေးသစ်လောင်းနိုင်ဖို့ လိုအပ်နေကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
ကျွမ်းကျင်သူတချို့ကတော့ ယူရီဘတ်စ်ဟာ လီဗာပူးလ်အသင်းရဲ့ ကစားပုံနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ကစားသမားဖြစ်ကြောင်း မှတ်ချက်ပေးထားကြပါတယ်။