
◘ လီဗာပူးလ် - အဲဗာတန် (ညနေ ၆ နာရီ)
လီဗာပူးလ်အသင်းက ကွန်မြူနတီဒိုင်းနောက်ပိုင်း ငါးပွဲဆက် အနိုင်ရထားတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းရဲ့ နိုင်ပွဲတွေက အလွယ်တကူရခဲ့တာမဟုတ်ဘဲ ပွဲပြီးခါနီးနဲ့ နာကျင်အချိန်ပိုဂိုးတွေကြောင့်သာ အသက်ရှူချောင်နေရတာပါ။
မာဆေးဆိုက်ဒါဘီပြိုင်ဘက် အဲဗာတန်အသင်းကလည်း ရာသီအဖွင့်ပွဲနောက်ပိုင်း ရလဒ်တွေ ဆက်တိုက်ကောင်းနေတယ်။ ဒါပေမဲ့ အန်ဖီးလ်ကွင်းမှတ်တမ်းတွေအရ လီဗာပူးလ်အသင်းပဲ နိုင်ပွဲဆက်ဖို့ရှိနေတယ်။
◘ ဘရိုက်တန် - စပါး (ည ၈ နာရီခွဲ)
ပြီးခဲ့တဲ့ရာသီမှာ ဘရိုက်တန်အသင်းက နှစ်ကျော့စလုံးအနိုင်ရထားသလို ဒီနှစ်သင်းတွေ့ရင် ဂိုးမြူးတတ်တယ်။ ဒါပေမဲ့ ဒီရာသီမှာ ခြေမမှန်သေးဘဲ မန်စီးတီးတစ်သင်းတည်းကို အနိုင်ရထားတယ်။ စပါးအသင်းက သောမတ်စ်ဖရန့်လက်ထက်မှာ
တဖြည်းဖြည်းတိုးတက်လာပြီး အနိုင်ရတဲ့ပွဲတိုင်းကို Clean Sheet ရလဒ်နဲ့ အနိုင်ယူထားတာပါ။ ချန်ပီယံလိဂ်ကြောင့် စပါးအသင်း ပွဲပန်းနေနိုင်လို့ အမှတ်ခွဲယူရတဲ့ပွဲ ဖြစ်နိုင်တယ်။ ဂိုးလည်းများနိုင်တယ်။
◘ မန်ယူနိုက်တက် - ချယ်လ်ဆီး (ည ၁၁ နာရီ)
မန်ယူအသင်းရဲ့အခြေအနေက ထူးခြားမှုသိပ်မရှိသေးသလို ရလဒ်တွေကလည်း ဆိုးနေတုန်းပဲ။ ဒီရာသီမှာ တန်းတက်ဘန်လေတစ်သင်းတည်းကို အနိုင်ရထားပြီး အဲဒီပွဲမှာလည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ပယ်နယ်တီရခဲ့လို့ ကံကောင်းခဲ့ရတာပါ။ ထိပ်သီးပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးကို ရလဒ်ပိုင်းအရ ရှုံးနိမ့်ခဲ့သလို ခြေစွမ်းအရလည်း မယှဉ်နိုင်ခဲ့ဘူး။ အခုလည်း ချယ်လ်ဆီးအသင်းနဲ့ ထပ်ပြီးရင်ဆိုင်ရမှာဖြစ်လို့ အာမိုရင်အတွက်တော့ ဖိအားထပ်တိုးမယ့်ပွဲဖြစ်လာနိုင်တယ်။
ချယ်လ်ဆီးအသင်းကလည်း နှစ်ပွဲဆက် အနိုင်ရထားပြီးမှ နှစ်ပွဲဆက် နိုင်ပွဲပြန်ပျောက်ထားတယ်။ နောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို၊ မန်ယူအသင်းထက် ပွဲပန်းမှုဒဏ်လည်း ခံစားရနိုင်တယ်။ မှတ်တမ်းတွေအရ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာတော့ မန်ယူအသင်းက အသာရထားတယ်။ ဒါပေမဲ့ လက်ရှိအသင်းလိုက်စုဖွဲ့မှုအရ ချယ်လ်ဆီးအသင်းကို ပိုကြိုက်တယ်။
◘ အခြားပွဲစဉ်များ
*ဘန်လေ - နော်တင်ဟမ်
*ဝက်စ်ဟမ်း - ခရစ္စတယ်ပဲလေ့စ်
ဝုလ်ဗ် - လိဒ်စ်*
ဖူလ်ဟမ် - ဘရန့်ဖို့ဒ်*