Eleven Media Group

■ လာလီဂါ ပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

Photo: Real Madrid

◘ ရီးယဲလ်မက်ဒရစ် - အက်စ်ပန်ညို (ည ၈း၄၅ နာရီ)

ရာသီအဖွင့်ပွဲမှာ ရလဒ်ကောင်းနေတဲ့နှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်တယ်။ ရီးယဲလ်အသင်းက အလွန်ဆိုလက်ထက်မှာ ပြိုင်ပွဲစုံ ငါးပွဲစလုံး ရာနှုန်းပြည့်အနိုင်ရထားတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းဒဏ်ရာစာရင်းမှာ မန်ဒီ၊ ရူဒီဂါတို့အပြင် အာနိုးလ်ပါ ထပ်တိုးသွား
ပါပြီ။ အက်စ်ပန်ညိုကလည်း လေးပွဲ၊ ၁၀ မှတ်နဲ့ အဆင့် ၃ နေရာ ရပ်တည်နေတဲ့အသင်းပါ။ ဘာနေဗျူးကွင်းမှာတော့ ရီးယဲလ်အသင်းကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ ရီးယဲလ်အသင်း နှစ်ဂိုးလောက်ပြတ်နိုင်တယ်။

◘ ဗလင်စီယာ - ဘီလ်ဘာအို (စက်တင်ဘာ ၂၁ ရက် နံနက် ၁ နာရီခွဲ)

ဘီလ်ဘာအိုအသင်းက ပြီးခဲ့တဲ့အပတ် အိမ်ကွင်းပွဲမှာ အလာဗတ်စ်ကို အရေးနိမ့်ပြီး ရှုံးပွဲစတွေ့ခဲ့တယ်။ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲရှိလို့ အာရုံများနေတာဖြစ်နိုင်ပြီး ဒီတစ်ပတ် ပြန်အာရုံစိုက်နိုင်တယ်။ ဗလင်စီယာကတော့ ဒီရာသီ အိမ်ကွင်းနှစ်ပွဲကနေ
လေးမှတ်ရထားတယ်။ ဒီပွဲလည်း အိမ်ရှင် အမှတ်ရနိုင်တယ်။

◘ အခြားပွဲစဉ်များ

ဂျီရိုနာ - လီဗန်တေး*
*ဗီလာရီးယဲလ် - အိုဆာဆူနာ
အလာဗတ်စ် - ဆီဗီလာ*

မူရင်းသတင်း — Eleven Media Group