
မာဆေးလ် နှင့် PSG (မြန်မာစံတော်ချိန် တနင်္လာည ၁၂း၃၀ နာရီ)
မူလက တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတဲ့ပွဲဖြစ်ပြီး မုန်တိုင်းအန္တရာယ်ကြောင့် ဒီညကို ရွှေ့လိုက်တာပါ။ ပြင်သစ်ဒါဘီလို့ တင်စားခံရတဲ့ပွဲဖြစ်တာကြောင့် အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲတွေ ရယူထားတဲ့ မာဆေးလ်ကို လျှော့တွက်လို့ မရပါဘူး။ PSG အသင်း ကပ်နိုင်ရုံလောက်ပဲ ဖြစ်နိုင်ပါတယ်။
နာပိုလီ နှင့် ပီဆာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
နာပိုလီက ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်ပိုင်းမှာရှိနေပြီး တန်းတက် ပီဆာကတော့ နိုင်ပွဲ ရှာမတွေ့သေးပါဘူး။ နာပိုလီအသင်း ဂိုးမပေးရတဲ့ နိုင်ပွဲ ရရှိဦးမှာပါ။