
ဘာစီလိုနာအသင်းရဲ့ စပိန်ကြယ်ပွင့် ယမားလ်ဟာ Ballon d'Or ဆုပေးပွဲတက်ရောက်ဖို့ မိသားစုမိတ်ဆွေ အယောက်(၂၀)ကို ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။
အသက်(၁၈)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်တိုက်စစ်ကစားသမား ယမားလ်ဟာ ၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆုရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
PSG အသင်းနဲ့ ဖလားသုံံးလုံးအောင်ပွဲ ရရှိထားတဲ့ ဒမ်ဘီလီက ဆုရရှိဖို့ ပိုပြီးရေပန်းစားခဲ့ပေမဲ့ ယမားလ်ကလည်း ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါနဲ့ စပိန်ဘုရင့်ဖလား ရရှိခဲ့ပြီး ပြိုင်ပွဲစုံမှာ (၁၈)ဂိုးသွင်းကာ ဂိုးဖန်တီးမှု(၂၅)ကြိမ် ပြုလုပ်ခဲ့သူပါ။
ဒါကြောင့် ယမားလ်အနေနဲ့ မိသားစုမိတ်ဆွေ အယောက်(၂၀)ကို ပြင်သစ်နိုင်ငံဆီ ခေါ်ဆောင်သွားဖို့ စီစဉ်တာဟာ ဆုကြီးကြီးမားမားတစ်ခုခု ရရှိနိုင်တာကြောင့် ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ယမားလ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဆုပေးပွဲမှာ (၂၁)နှစ်အောက် ကစားသမားတွေကို ပေးအပ်ချီးမြှင့်တဲ့ Kopa Trophy(အကောင်းဆုံးလူငယ်ကစားသမားဆု) ရရှိခဲ့ပြီး ဒီနှစ်အတွက်လည်း Ballon d'Or ဆုအပြင် Kopa Trophy ဆုအတွက် ဆန်ခါတင်စာရင်းမှာ ထပ်မံပါဝင်နေကြောင်း သိရပါတယ်။