
အီတလီစီးရီးစီကလပ် တာနာနာအသင်းရဲ့ ဥက္ကဋ္ဌ ကလော်ဒီယာရစ်ဇိုဟာ ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ အသက်အငယ်ဆုံး အမျိုးသမီးဥက္ကဋ္ဌအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
တာနာနာအသင်းဟာ သုံးနှစ်ဆက်တိုက် ပိုင်ရှင်အပြောင်းအလဲဖြစ်ခဲ့ပြီး လက်ရှိပိုင်ရှင်သစ်ဖြစ်တဲ့ ဂီယန်လူဂီရစ်ဇိုက သူ့ရဲ့ သမီးဖြစ်သူ ကလော်ဒီယာရစ်ဇိုကို အသင်းဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့တာပါ။
ကလော်ဒီယာရစ်ဇိုဟာ အသက်(၂၃)နှစ်သာရှိသေးတာကြောင့် ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ အသက်အငယ်ဆုံးအမျိုးသမီးဥက္ကဋ္ဌ ဖြစ်လာခဲ့သလို၊ တာနာနာအသင်းရဲ့ နှစ်(၁၀၀)သက်တမ်းအတွင်း ပထမဆုံးအမျိုးသမီးဥက္ကဋ္ဌအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ကလော်ဒီယာရစ်ဇိုက တာနာနာအသင်းကို မိဘတွေ ရည်မှန်းထားတဲ့အတိုင်း ဖြစ်လာအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
တာနာနာအသင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက အရင်ဥက္ကဋ္ဌဟောင်းဖြစ်သူက နည်းပြကို ရာထူးက ထုတ်ပယ်ပြီး သားဖြစ်သူကို အစားထိုးခန့်အပ်ခဲ့တာကြောင့်လည်း ဘောလုံးလောကမှာ သတင်းကြီးခဲ့ဖူးပါသေးတယ်။