
♦ လင်ကွန်း - ချယ်လ်ဆီး (စက်တင်ဘာ ၂၄ ရက် နံနက် ၁း၁၅ နာရီ)
ချယ်လ်ဆီးအသင်းက မှန်းဆရခက်ခဲနေတုန်းပဲဖြစ်ပြီး သုံးပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို မန်ယူအသင်းနဲ့ပွဲမှာလည်း တစ်ယောက်လျော့သွားချိန် ပထမပိုင်းမှာပဲ သုံးဦးလူစားလဲခဲ့တဲ့ မာရက်စကာရဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာဖြစ်နေတယ်။ လင်ကွန်းအသင်းက League One (တတိယတန်း) မှာ ခုနစ်ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး တတိယနေရာ ရပ်တည်နေတဲ့အသင်းပါ။ ဒါပေမဲ့ အင်အားချင်းကွာခြားလို့ ချယ်လ်ဆီးပဲ ဂိုးပြတ်မှာပါ။
♦ လီဗာပူးလ် - ဆောက်သမ်တန် (စက်တင်ဘာ ၂၄ ရက် နံနက် ၁း၃၀ နာရီ)
လီဗာပူးလ်အသင်းက ဒီရာသီပြိုင်ပွဲစုံမှာ ရာနှုန်းပြည့်အနိုင်ရထားတဲ့အသင်းပါ။ ဒါပေမဲ့ လီဗာပူးလ်အသင်းရဲ့ နိုင်ပွဲတွေက လွယ်လွယ်ကူကူမဟုတ်ဘဲ ပွဲပြီးခါနီး နာကျင်အချိန်ပိုနဲ့ နောက်ကျဂိုးတွေကြောင့်သာ နိုင်ပွဲဆက်နေတာပါ။ ဒါက ချန်ပီယံအသင်း
တစ်သင်းအတွက် လိုအပ်တဲ့အချက်ဆိုပေမဲ့ ပွဲတိုင်းအခုလိုရုန်းကန်နေရတာက ဟန်ချက်မညီသေးဘူးဆိုတာ ပြသနေတယ်။ ရာသီကုန်မှာ ချန်ပီယံရှစ်ကို တန်းဆင်းသွားရတဲ့ ဆောက်သမ်တန်အသင်းကလည်း အခြေအနေဆိုးနေတယ်။ ရာသီအဖွင့်ပွဲ
အနိုင်ရပြီးနောက်ပိုင်း အမှတ်ပေးပွဲငါးပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ လီဗာပူးလ်အသင်း ဒီပွဲတော့ အခက်အခဲမရှိ နိုင်ပွဲရမှာပါ။
♦ အခြားပွဲစဉ်များ
ဝက်ဆမ် - ရက်ဒင်း*
*ဖူလ်ဟမ် - ကမ်းဘရစ်ချ်
ဝီဂန် - ၀ိုင်ကမ်ဘီ*
*ဘန်စလေ - ဘရိုက်တန်
*ဘန်လေ - ကာဒစ်ဖ်
*ဝုလ်ဗ် - အဲဗာတန်