
ရီးယဲလ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က လီဗန်တေးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် outside နဲ့ သွင်းယူခဲ့တဲ့ဂိုးတွေထဲ အကောင်းဆုံးသွင်းဂိုးတစ်ဂိုးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ လာလီဂါပွဲစဉ်(၆)အဖြစ် အင်္ဂါနေ့က လီဗန်တေးအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး (၄-၁)ဂိုးနဲ့ အနိုင်ရရှိရာမှာ ဗင်နီစီယပ်စ်က အဖွင့်ဂိုး သွင်းယူခဲ့တာပါ။
ဗင်နီစီယပ်စ်က လီဗန်တေးနောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားကနေ outside ကန်ချက်နဲ့ ဂိုးသမားရဲ့ အဝေးထောင့်ထဲ ကန်သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။
''ဒီလိုကန်ချက်ကို လူကာမိုဒရစ် သင်ပေးခဲ့တာပါ။ ကျွန်တော် သူ့ကို လွမ်းပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ အနိုင်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ ဒီလိုဂိုးတွေ အများကြီးထပ်သွင်းနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ဒီဂိုးက ကျွန်တော် outside နဲ့ ကန်သွင်းယူခဲ့တဲ့ဂိုးတွေထဲမှာ အကောင်းဆုံးဂိုးတစ်ဂိုးပါ'' လို့ ဗင်နီစီယပ်စ်က ပြောကြားခဲ့ပါတယ်။
ဗင်နီစီယပ်စ်ဟာ ဒီရာသီမှာ ပုံမှန်ပွဲထွက်ကစားခွင့် မရရှိသေးဘဲ မာဆေးလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပါတယ်။