
စပါး နှင့် ဒွန်ကတ်စတာ (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၁၅ နာရီ)
ဒွန်ကတ်စတာက League One က အသင်းဖြစ်တာကြောင့် စပါးနဲ့ အဆင့်ချင်းကွာခြားသလို၊ League One မှာလည်း နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ စပါးအသင်း ဂိုးပြတ်အနိုင်ရဖို့ မခက်ပါဘူး။
ဟတ်ဒါဖီးလ် နှင့် မန်စီးတီး (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၁၅ နာရီ)
ဟတ်ဒါဖီးလ်ကလည်း League One က အသင်းပဲဖြစ်ပြီး နောက်ဆုံးနှစ်ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ ဟတ်ဒါဖီးလ်ကွင်းမှာ တစ်ချိန်တုန်းက မန်စီးတီးအသင်း ရုန်းကန်ခဲ့ရဖူးပေမဲ့ အခုတော့ အခြေအနေချင်း ခြားနားသွားပါပြီ။ အဝေးကွင်းမှာ မန်စီးတီး ဂိုးမိုးရွာမယ့်ပွဲပါ။
နယူးကာဆယ် နှင့် ဘရက်ဖို့ဒ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၁၅ နာရီ)
နယူးကာဆယ်ကတော့ League One မှာ ခြေစွမ်းပြနေတဲ့ ဘရက်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအနိုင်ရထားတဲ့ ဘရက်ဖို့ဒ်က နောက်ဆုံး(၅)ပွဲမှာ တစ်ပွဲသာ အနိုင်ရထားတဲ့ နယူးကာဆယ်ကို အခက်တွေ့အောင် လုပ်နိုင်ခြေ ရှိနေပါတယ်။ နယူးကာဆယ် ကပ်နိုင်ရုံလောက်ပဲ ဖြစ်မယ်ထင်တယ်။
ပို့တ်ဗေးလ် နှင့် အာဆင်နယ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
အာဆင်နယ်လည်း League One ကလပ်နဲ့ပဲ ဆုံတွေ့ရပြီး ပို့တ်ဗေးလ်က နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရထားပါတယ်။ အာဆင်နယ်ကလည်း ဒီရာသီမှာ လီဗာပူးလ်ကိုသာ ရှုံးနိမ့်ထားပြီး ပုံစံကောင်းပြနေတဲ့အသင်းပါ။ ပရိသတ်တွေ မြင်တွေ့ချင်နေတဲ့ ဂိုးပြတ်နိုင်ပွဲကို အာဆင်နယ် ပုံဖော်နိုင်ပါလိမ့်မယ်။
လာလီဂါပွဲစဉ်များ
ဂီတာဖေး - အလာဗတ်စ်
* ဆိုစီဒက် - မာယော့ကာ
* အက်သလက်တီကို - ဗယ်လက်ကာနို