Eleven Media Group

ယူရိုပါလိဂ် League Phase ပွဲစဉ်(၁)နှင့် ကိုပါအီတာလီယာဒုတိယအဆင့်  ပွဲကြိုသုံးသပ်ချက်

Photo: X

ဘက်တစ် နှင့် နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)

နော်တင်ဟမ်ဖောရက်စ်က ပြီးခဲ့တဲ့ရာသီတုန်းက စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြ ပိုစတီကိုဂလူးရဲ့ ဦးဆောင်မှုအောက် ရောက်သွားတာကြောင့် အသင်းသစ်နဲ့ ချန်ပီယံဆု ကာကွယ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ နော်တင်ဟမ်က လက်ရှိအချိန်မှာ ရလဒ်တွေ ကျနေပေမဲ့ လူအင်အားတောင့်တင်းပါတယ်။ ဘက်တစ်က ရာသီအစမှာ မတည်ငြိမ်သေးပေမဲ့ လတ်တလောရဒ်ပိုင်းကတော့ နော်တင်ဟမ်ထက် သာပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ဘက်တစ် သရေလောက်ပဲ ရနိုင်ပါတယ်။

နိုက်စ် နှင့် ရိုးမား (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)

နိုက်စ်က ပြင်သစ်လိဂ်မှာ အိမ်ကွင်းနှစ်ပွဲဆက် အနိုင်ရထားသလို၊ ရိုးမားကလည်း စီးရီးအေ(၄)ပွဲမှာ (၃)ပွဲအနိုင်ကစားထားတဲ့အသင်းပါ။ ဒါကြောင့် အကြိတ်အနယ်ရှိမှာ သေချာနေပြီး ကွင်းမရွေးတဲ့ ရိုးမားကို ပိုကြိုက်ပါတယ်။

အခြားပွဲစဉ်များ

PAOK - မက္ကာဘီတဲလ်အဗစ်
* မစ်ဂျေးလန်း - စတမ်းဂရက်ဇ်
* ဖရိုင်းဘတ် - ဘေဆယ်
ဇဗက်ဒါ - ဆဲလ်တစ် *
* မာလ်မို - လူဒိုဂိုရတ်စ်
ဒိုင်နမိုဇာဂရက် - ဖီနာဘာချီ *
* ဘရာဂါ - ဖီယင်နု

ကိုပါအီတာလီယာပွဲစဉ်များ

ပါးမား - စပီဇီယာ
* ဗီရိုနာ - ဗင်နီဇီယာ
* ကိုမို - ဆာဆူအိုလို

မူရင်းသတင်း — Eleven Media Group